ပြင်စလူ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မီးသတ်တပ်ဖွဲ့ရှိ တာဝန်ရှိသူများက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့တွင် အသုံးပြုမည့်မဲရုံများသို့ မီးဘေးလုံခြုံရေးအတွက် ယနေ့ နေ့လယ်ပိုင်းက မြို့ပေါ်(၃)ရပ်ကွက် အတွင်းရှိ မဲရုံများနှင့်ကျေးရွာများရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် ပြင်စလူမြို့ မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မဲရုံများနှင့်မဲရုံဝန်းကျင်ရှိ အဆောက်အဦများနှင့် နေအိမ်များသို့ သွားရောက်၍ မီးသုံးစွဲမှု များအား စစ်ဆေးခြင်း မဲရုံများတွင် အသုံးပြုမည့် မီးသတ်ဆေးဘူးများအား စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းကို လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)