မုဒုံ မတ် ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝက်တဲကျေးရွာတွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍနှစ်၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်သောက်သုံးရေရရှိရေး တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်းသည် ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပြည်ထောင်စုရန်ပုံငွေ ၁၈ ဒသမ ၂ ကျပ်သန်းဖြင့် ကျေးလက်သောက်သုံးရေရရှိရေး တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်းကို ရာမညဂုဏ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာရှိ အိမ်ခြေ ၅၇၀ အိမ်ထောင်စု ၅၇၇ စုတို့အတွက် ရာသီမရွေး သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)