မုဒုံ မတ် ၂၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက်( ၉) နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက ကျောင်းသား/သူများ အခြေခံပညာကျောင်း များတွင် ပညာရေးသာမက ကျန်းမာရေးကောင်းမွန်စေရန် ပညာကျန်းမာဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးကို နိုင်ငံတော်က အလေးထားလုပ်ဆောင်နေမှုကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က ကျောင်းကျန်းမာရေး မှတ်တမ်းကတ် အသုံးပြုခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းနည်းပြလေးဦးက လုပ်ငန်းများ စနစ်တကျရှိစေရန်နှင့် မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာကို စာတွေ့/လက်တွေ့ဖြင့် နှစ်ရက်ကြာသင်ကြားပေးမည်ဖြစ်ပြီး အခြေခံပညာ (ထက်/လယ်/မူ)၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမ (၂၀၈)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)