ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာ ဖြေဆို

ပေါက်ခေါင်း     မတ်     ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာန(၁)ခုတွင် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာန၌ အင်္ဂလိပ်စာဘာသာရပ်တွင် ကျား(၁၁၆)ဦး၊ မ(၁၇၈)ဦး စုစုပေါင်း(၂၉၄)ဦးဝင်‌ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ကျား(၁၁)ဦး၊ မ(၁)ဦး စုစုပေါင်း(၁၂)ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုရန် ကျား(၁၂၇)ဦး၊ မ(၁၇၉)ဦး စုစုပေါင်း(၃၀၆)ဦး ဖြေဆိုရန်စာရင်းပေးထားပြီး ပျက်ကွက်သူ(၁၂)ဦးရှိရာ ဖြေဆိုရာခိုင်နှုန်း  ၉၆ ဒဿမ ၀၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သန်းထွန်းအောင်(ပြန်/ဆက်)