ပေါင်းတည် မတ် ၁၂
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပေါင်းတည်မြို့နယ်၌ စာစစ်ဌာန ၁ ခုဖြင့် ကျင်းပလျက်ရှိပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၂၁၅)ဦး ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယနေ့ စစ်ဆေးသည့် အင်္ဂလိပ်စာဘာသာရပ်စာမေးပွဲအတွက်ဖြေဆိုရန် ကျောင်းသား ၁၀၅ ဦး၊ ကျောင်းသူ ၁၁၈ ဦး၊ စုစုပေါင်း ၂၂၃ ဦးစာရင်းရှိရာ ကျောင်းသား ၁၀၂ ဦး၊ ကျောင်းသူ ၁၁၃ ဦး စုစုပေါင်း ၂၁၅ ဦး ဖြေဆိုခဲ့ပြီး ကျောင်းသား ၃ ဦးနှင့် ကျောင်းသူ ၅ ဦး စုစုပေါင်း ၈ ဦးပျက်ကွက်ကြောင်းသိရပြီး ဖြေဆိုသူ ၉၆ ဒဿမ ၄၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီပေးလျက်ရှိပြီး စာဖြေဌာနကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများကလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာဖြေကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် အေးချမ်းပျော်ရွှင်စွာဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)