သာယာဝတီ မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သာယာဝတီ၊ စာစစ်ဌာနနှင့် အ.ထ.က(သုံးဆယ်)စာစစ်ဌာန နှစ်ခုဖြင့်ဖွင့်လှစ်ထားရှိပြီး မတ်လ ၁၂ ရက် နံနက် ၉ နာရီက အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အ.ထ.က(၁)သာယာဝတီစာစစ်ဌာန၌ ကျောင်းဖြေကျောင်းသား၊ ကျောင်းသူ(၂၄၇)ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၇)ဦး စုစုပေါင်း(၂၅၄)ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားရှိပြီး ယနေ့အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း( ၂၄၄ )ဦးဝင်ရောက်ဖြေဆိုခဲ့၍ (၁၀)ဦးပျက်ကွက်ခဲ့ကြောင်း ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၆.၀၆) ရာခိုင်နှုန်းနှင့် အ.ထ.က(သုံးဆယ်)စာစစ်ဌာန၌ ကျောင်းဖြေကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၂)ဦး၊ စုစုပေါင်း(၃၀၆)ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားရှိပြီး ယနေ့အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၉၂ )ဦး ဝင်ရောက်ဖြေဆိုခဲ့၍ (၁၄)ဦးပျက်ကွက်ခဲ့ကြောင်း ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၆.၄၂)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဥ်ထိမ်းရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပေါ်လာပါက အလွယ်တကူအဆင်သင့်ဖြေဆိုနိုင်ရန် စီစဉ်ထားရှိကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)