ပေါင်းတည်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုနေမှုအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ လိုက်လံကြည့်ရှု

ပေါင်းတည် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့၊ မြန်မာစာဘာသာရပ်ကို အ.ထ.က (ပေါင်းတည်) စာစစ်ဌာနတွင် စတင်ဖြေဆိုကြသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် Grade-12 ကျောင်းသား၊ ကျောင်းသူလေးများ ဖြေဆိုနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင်လှိုင်နှင့်အဖွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြသည်။

ပေါင်းတည်မြို့နယ်အနေဖြင့် ယနေ့မြန်မာစာဘာသာရပ်ကိုဖြေဆိုရန် ၂၂၃ ဦးစာရင်းရှိပြီး ဖြေဆိုသူ ၂၁၅ ဦး၊ ပျက်ကွက်သူ ၈ ဦးရှိ၍ ၉၆ ဒဿမ ၄၁ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယနေ့စာမေးပွဲ ဖြေဆိုပြီးချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့တို့က စာဖြေကျောင်းသား၊ ကျောင်းသူလေးများ စိတ်ကြည်လင်လန်းဆန်းစေရန်နှင့် ခွန်အားဖြည့်ရန် အားဖြည့်အချိုရည်အအေးဗူးများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)