မူဆယ် မတ်လ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ၊ အ.ထ.က -၁၊ အ.ထ.က-၂ ကျောင်းများရှိ စာစစ်ဌာနများ၌ ယနေ့နံနက် (၉) နာရီကစတင်၍ ကျောင်းသား/သူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိသည်။
မူဆယ်ခရိုင်အတွင်းရှိ ကျောင်းသား/သူများကို မူဆယ်မြို့ အ.ထ.က (၁) စာစစ်ဌာနနှင့် အ.ထ.က (၂) စာစစ်ဌာနများခွဲ၍ ဖြေဆိုလျက်ရှိသည်။ အထက(၁)စာစစ်ဌာန၌ နမ့်ခမ်းမြို့နယ်ရှိ ကျောင်းသား/သူများ စာမေးပွဲဖြေဆိုခြင်းဖြစ်ပြီး စာရင်းရှိ (၆၂) ဦး၊ ပျက်ကွက် (၄၂) ဦး ဖြေဆိုသူ (၂၀) ဦးနှင့် အ.ထ.က (၂) စာစစ်ဌာန၌ မူဆယ်မြို့နယ် စာရင်းရှိ (၁၉၃)ဦး၊ ပျက်ကွက် (၃၁) ဦး၊ ဖြေဆိုသူ (၁၆၂) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။ ကျောင်းသား/သူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေး မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိန်မိုင်နှင့် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား/သူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်ဆက်)