ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို (၆၇၃) ဦး ဖြေဆိုလျက်ရှိ

ညောင်လေးပင် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ရာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန (၂) ခု၌ ကျောင်းသား/ ကျောင်းသူ (၆၇၃) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်သူ (၃၀) ဦးရှိ​ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ သူ ကျား ​(၂၃၈) ဦး၊ မ (၄၀၅) ဦး၊ ပျက်ကွက်သူ ကျား (၁၃) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၃၀) ဦး ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ/ မများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/ သူများ စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက်လည်း လိုအပ်သည်များကို အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)