သဲကုန်းမြို့နယ်၌ တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ

သဲကုန်း မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ကြပ်နားအုပ်စု၊ တောင်ရွာကျေးရွာဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် ဆင်​မြီးဆွဲမြို့အုပ်ချုပ်​ရေးမှူး ဦးဝေ​ဖြိုးကျော်ကတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူအသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သဲကုန်း​မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ၊ ​နွေစပါးအထွက်တိုးရေးနည်းစနစ်များ၊ စပါးသီးနှံတွင်ကျရောက်တတ်သော ဖျက်ပိုးရောဂါများ၏လက္ခဏာအကြောင်းအရာများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများစတင်စိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများမှစ၍ သီးနှံများအောင်မြင်သည်အထိ ရေများပေးဝေနိုင်ရေး ရေပေးဝေရေးမြောင်းများအား အလှည့်ကျစနစ်ဖြင့် ရေများပေးဝေသွားမည်ဖြစ်ကြောင်းနှင့် ရေများလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး မြောင်းများအလိုက် ရေပေးဝေရေးအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ​ဒေသခံတောင်သူများက သိရှိလိုသည့်အကြောင်းအရာများကို သက်ဆိုင်ရာအကြီးအကဲများဖြင့် အပြန်အလှန်မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများကပြန်လည်ရှင်းလင်း‌ပြောကြားခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)