ကသာခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ ကျောင်းသား၊ ကျောင်းသူ (၄၆၄) ဦးရှိ

ကသာ မတ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများအလိုက် ကျင်းပမည်ဖြစ်ရာ ကသာခရိုင်အတွင်းတွင် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ဖြေဆိုသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာ၌ ကသာခရိုင်တွင် စာစစ်ဌာနများအလိုက် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူဦးရေမှာ ကသာ အ.ထ.က(၁) စာစစ်ဌာနတွင် (၂၈၉)ဦး၊ အင်းတော်မြို့နယ် အ.ထ.က (မြို့မ) စာစစ်ဌာနတွင် (၁၅၀)ဦး၊ ဗန်းမောက်မြို့နယ် အ.ထ.က စာစစ်ဌာနတွင် (၂၅)ဦးရှိကြောင်းနှင့် အဆိုပါ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၆၄)ဦးတွင် ကျောင်းတွင်းဖြေဆိုသူ (၃၇၃)ဦးနှင့် ပြင်ပဖြေဆိုသူ (၉၁)ဦးတို့ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)