ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၁၃ ခုဖွင့်လှစ်

ဟင်္သာတ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုကြရမည်ဖြစ်ရာ ဟင်္သာတမြို့နယ်အနေဖြင့် မြို့ပေါ်တွင် စာစစ်ဌာန ၄ ခုနှင့် နယ်ကျောင်းများအတွက် စာစစ်ဌာန ၉ ခု စုစုပေါင်း ၁၃ ဌာန ဖွင့်လှစ်ဖြေဆိုကြရမည်ဖြစ်သည်။

ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းများနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ဘောဂတွဲ ၆၄၅ ဦး၊ ဝိဇ္ဇာတွဲ ၃၇၅ ဦး၊ ဇီဝတွဲ ၄၀၆ ဦး စုစုပေါင်း ၁၄၂၆ ဦးတို့ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် ဖြေဆိုခွင့်ကတ်ပြားများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)