မြောင်းမြမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မြောင်းမြ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနရုံး၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးရာတွင် အသည်းရောင်အသားဝါ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ကျန်းမာရေးဝန်ထမ်းဆရာမများကမတ်လ (၁) ရက်နေ့မှ စတင်ထိုးနှံလျက်ရှိပြီး နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီထိ မြောင်းမြမြို့ပေါ်ရှိ (၁၆) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)