ကျောက်ဆည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြို့နယ်ဆည်မြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရန် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ စိုက်ပျိုးရေပေးမြောင်းများအလိုက် ဆည်ရေများစတင်ပေးဝေလျက်ရှိကြောင်းနှင့် နွေနှမ်းသီးနှံ(၃၀၅၄၂)ဧက ရန်လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၄၅၅၈)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၄၈၁၁)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၈၁၉၂)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၄၉၁၄)ဧက၊ စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၂၃၃၀)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၅၇၃၇)ဧက စုစုပေါင်း(၃၀၅၄၂)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးခြင်းနည်းပညာများ၊ သွင်းအားစုများ၊ ပိုမွှားကာကွယ်နှိမ်နင်းခြင်းနည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။
သက်မောင်