ကျိုက်လတ် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဉီးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ လက်ထောက်မီးသတ်ဉီးစီးမှူး ဉီးဇော်ထက်လင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များလိုက်ပါလျက် မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှုရှိမရှိ လိုက်လံစစ်ဆေးကာ မီးမလောင်ခင်၊ မီးလောင်နေစဉ်နှင့် မီးလောင်ပြီးလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့ မီးသတ်ဉီးစီးဌာနအနေဖြင့် မြို့နယ်အတွင်းမီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းများအားဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဦးလှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)