ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ချောက် မတ် ၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမ၌ လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက "စားသုံးသူအခွင့်အရေးနှင့်တာဝန်များ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်က "ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရန်လိုအပ်သည့်အကြောင်းအရင်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား/သူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)