သနပ်ပင် မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများက အသက်(၂)လ မှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ ဦးနှော က်အမြှေးရောင်ရောဂါ၊ အသည်းရောင်းအသားဝါ (ဘီ) စသည့် (၅)မျိုးစပ် ကာကွယ်ဆေး ထိုးနှံခြင်း ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ရက်ကွက်/ ကျေးရွာများရှိ ကျန်းမာရေးဆေးခန်းများတွင် လစဉ်လဆန်းရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)