ကျိုက်မရောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၃၇)ဦး ဝင်ရောက်ဖြေဆို

ကျိုက်မရော မတ် ၅

မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန တစ်ခုထဲ၌ ကျင်းပမည်ဖြစ်ပြီး  ကျောင်းသား၊ ကျောင်းသူ (၃၃၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း၌ မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ  ကျိုက်မရောမြို့နယ် (အ.ထ.က) စာစစ်ဌာနတစ်ခုသာ သတ်မှတ်၍ ကျောင်းတွင်းဝင်ရောက် ဖြေ ဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး  ရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)