သာပေါင်း မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တို့က ယနေ့မတ်လ ၄ ရက်နေ့၊ညနေ ၃ နာရီအချိန်က ထောက်ပံ့ငွေနှင့်အာဟာရများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊တတိယသုံးလပတ် (အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ) သုံးလစာ လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး (MCCT) အစီအစဉ်တွင် အကျုံးဝင် အကျိုးခံစားခွင့်ရှိသူများ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးတို့ကို ဒုတိယအသုတ်အနေဖြင့် (ဧပြီလ၊မေလ၊ဇွန်လ) ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ခြင်းတို့ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နုနုလှိုင်နှင့်အသင်းဝင်များ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးဒေါ် ငြိမ်ငြိမ်းစိုးနှင့်အဖွဲ့ဝင်တို့က ထောက်ပံ့ငွေနှင့် အာဟာရပေါင်မုန့်၊ ကြက်ဥ၊ ငှက်ပျောသီးတို့ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)