မီးဘေးသင့်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပြည် မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပျက်စီးခဲ့သော နေအိမ်များအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်မြို့ နဝင်းနယ်မြေ၊ ဖိုးခေါင်ရပ်ကွက်အပိုင်း(၃)တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးသင့်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ် (၄) လုံးအတွက် ရိုးရိုးနေအိမ်တစ်လုံးလျှင် (၁၀၀၀၀၀/-)ကျပ်နှုန်း၊ အိမ်ကြီးအိမ်ကောင်းတစ်လုံးလျှင် (၂၀၀၀၀၀/-) ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၅၀၀၀၀၀/-)၊ နေအိမ် (၁) လုံးလျှင် ကယ်ဆယ်ရေးပစ္စည်း (၁) ပုံးစီဖြင့် နေအိမ်(၄)လုံးအတွက် ကျပ် (၄၆၀၃၆/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၄) ပုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၈၉၀ဝိ/-) ကျပ်၊ စုစုပေါင်း ကျပ်ငွေ (၅၁၈၉၀ဝိ/-) အား မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပေးခဲ့သည်။

ထိုနည်းတူ ပြည်မြို့နယ် ကြက်ခြေနီအသင်းကလည်း ကျန်းမာရေးသုံးပစ္စည်း (၁)ပုံးစီဖြင့် စုစုပေါင်း (၄) ပုံး၊ အိမ်ဆောက်ပစ္စည်း (၁) စုံစီ (၄) စုံ၊ တကိုယ်ရည်သုံးပစ္စည်း (၁၁) မျိုးပါ ဂျက်ဖာ(၁)ပုံးစီ (၄)ပုံး၊ စောင် (၂) ထည်စီ အိမ်ထောင်စု (၄) စုအတွက် စောင် (၈) ထည်၊ ဒန်အိုး (၁) လုံးစီ အိမ်ထောင်စု(၄)စုအတွက်ဒန်အိုး(၄)လုံး၊ စတီးရေခွက်(၂)ခုစီဖြင့် အိမ်ထောင်စု (၄) စုစာအတွက် (၈) ခွက်တို့ကိုအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)