ဖြူးမြို့နယ်၊ ဆားဂွန်း - အောင်စည်ယွန်းလမ်းအား ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဖြူး မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာနှင့် လယ်ပြင်ကြီးကျေးရွာအုပ်စု၊ အောင်စည်ယွန်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအား   ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို စံချိန်စံညွှန်းနှင့်အညီရာခိုင်နှုန်းပြည့်ပြီးစီးရေး အတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆားဂွန်း - အောင်စည်ယွန်းလမ်းအား ကွန်ကရစ်လမ်းအရှည် (၁)မိုင်၊ ကွန်ကရစ်လမ်း အကျယ်(၁၄)ပေနှင့် လမ်းပခုံး အမာခံကျောက်ရော မြေ(၄)ပေကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ (၃၃၆)သန်းဖြင့် ရဲရင့်ရွှေပြည်ကုမ္ပဏီမှ ဇန်နဝါရီလ နောက်ဆုံးအပတ်မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)