ကသာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ ပန်းချီအခြေခံရေးဆွဲနည်း သင်တန်း (အခမဲ့) ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ နွေရာသီပန်းချီအခြေခံရေးဆွဲနည်းကို လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာရပ် စနစ်တကျ လေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီသင်တန်းကို မတ်လ(၃)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နံနက် (၉)နာရီမှ နံနက် (၁၁)နာရီအချိန်ထိ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း၊ ပန်းချီသင်တန်းတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၈၆)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)