ဟင်္သာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ဟင်္သာတ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ မဟာဓမ္မိကာရုံကျောင်း လမ်းရှိ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းပြုလုပ်ရာသို့ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဒုဦးစီးမှူး ဦးတင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင် မြို့နယ် မီးသတ်စခန်းတာဝန်ခံမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ မီးသတ် ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်