ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးမည်

ကြံခင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများကို မတ်လ(၅)ရက်နေ့မှ စတင်ပြီး ဧပြီ(၃)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့၊ ဗိုလ်ချုပ်လမ်းရှိ လူစည်ကားရာ တင်းနစ်ကွင်းရှေ့တွင်‌ ကပ်ထားကြော်ငြာပေးထားကြောင်း သိရသည်။

ကြံခင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်း များကို ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ပြည်သူများတတ်ရောက်နိုင်ရန် အားကစားနည်း(၅)မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်းနှင့် အဆိုပါအားကစားနည်း သင်တန်းများမှာ အမျိုးသား/အမျိုးသမီးအခြေခံဘောလုံးသင်တန်း၊  ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကရာတေး၊ fitness Dance အားကစားနည်းများဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်ပြီး (အခမဲ့)သင်ကြားပေးမှာဖြစ်ကြောင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် သင်တန်းကြေး (အခမဲ့)ဖြင့် နာမည်စာရင်းများ လာရောက်ပေးသွင်းနိုင်ပါကြောင်း၊ ဖုန်းနံပါတ် (၀၉-၂၅၄၀၆၆၇၀၉)သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း၊ Facebook မှလည်း လွှင့်တင်ဖိတ်ခေါ်ဆောင်ရွက်ထားပါကြောင်းနှင့် ယခုလိုသင်တန်းဖွင့်လှစ်ခြင်းဖြင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)