မုံရွာမြို့တွင် နွေစပါးလျာထားဧက ပြည့်မီရေးနှင့် ပန်းတိုင်အထွက်(၁၂၀)တင်း ရရှိရေး စိုက်ပျိုးရေး နည်းပညာပေး (TOT) သင်တန်းဖွင့်လှစ်

မုံရွာ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးပြီး နွေစပါး လျာထားဧက ပြည့်မီရေးနှင့် ပန်းတိုင်အထွက် (၁၂၀)တင်းရရှိရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် စိုက်ပျိုးရေးနည်းပညာပေး (TOT) သင်တန်းဖွင့်ပွဲကို ယနေ့  နံနက်(၉)နာရီခွဲ က  တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ဓါတ်ခွဲခန်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး(စီမံ) ဦးထွန်းရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဒုတိယတိုင်းဒေကြီးဦးစီးမှူး(စိုက်ပညာ) ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသော သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးဝေခဲ့သည်။

ယခုသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နွေစပါး စိုက်ပျိုးရာသီတွင် စိုက်ပျိုးသူ တောင်သူများ တစ်ဧက ပန်းတိုင်အထွက်နှုန်းမရရှိရေး နည်းပညာများကို ကွင်းဆင်း ဆွေးနွေးဆောင်ရွက်နိုင်ရန်နှင့် တောင်သူများ လက်ဝယ်ရောက်ရှိပြီး နည်းပညာများ လက်တွေ့အသုံးချကာ အထွက်နှုန်း ပိုမိုရရှိပြီး ဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

သင်တန်းတွင် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းမှ စစ်ကိုင်းတိုင်းဒေ သကြီးအတွင်း နွေစပါး စိုက်ပျိုးမှု အခြေအနေများနှင့် နွေစပါး လျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်(၁၂၀)တင်း ရရှိရေး နည်းပညာများ ရှင်းလင်းဆွေးနွေးပို့ချခြင်း၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံမှ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးသန့်စနစ်တကျ ထိန်းသိမ်း ခြင်း နည်းပညာများ ဆွေးနွေးပို့ချခြင်း၊ ယင်းမာပင်ခရိုင် မျိုးစေ့တာဝန်ခံမှ နွေစပါးသီးနှံ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲရေး နည်းပညာများ ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံး သင်တန်းတာဝန်ခံ ဒေါ်ကြည်ရွှေ(ဦးစီးအရာရှိ)မှ နွေစပါး စိုက်ပျိုးနည်းစနစ်များအကြောင်း ရှင်းလင်းဆွေးနွေးပို့ချခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရေးနည်းပညာပေး

အဆိုပါ သင်တန်းကို (၁)ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီး မြေ၊မျိုး၊ပိုး ဓါတ်ခွဲခန်းရုံး၊ မုံရွာခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး၊ ယင်းမာပင်ခရိုင်၊ မြို့နယ်များမှ စုစုပေါင်း တက်ရောက်သူ ဝန်ထမ်း (၆၅)ဦး တက်ရောက်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြား ခရိုင်၊ မြို့နယ်များမှ Online စနစ်ဖြင့် တက်ရောက်ကြောင်း သိရှိရသည်

ခရိုင်(ပြန်/ဆက်)