နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင် ဝါးခယ်မမြို့နယ် ကလကျေးရွာတွင် နေကြာစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေး၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ဝါးခယ်မ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကလကျေးရွာသို့ နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကလကျေးရွာတွင် နေကြာစိုက်ပျိုးထားရှိမှုနှင့် ဒေသခံတောင်သူ များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ကလကျေးရွာသို့ နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် တောင်သူဦး‌အေးဟန်၏ လယ်မြေ (၅)ဧက (ကလကွင်းအမှတ် ၉၉၉/ခ၊ ဦးပိုင် အမှတ် ၁/၆)တွင် နေကြာစိုက်ပျိုးထားမှုကို ကြည့်ရှုအားပေး၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်၍ တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်း‌မောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)