ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်သွားမည်

ငပုတော မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အားကစားနှင့် ကာယာပညာဦးစီးဌာနတွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီးထူးချွန်ထက်မြတ်သော လူငယ်များ ပေါ်ထွန်းလာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံ အားကစားသင်တန်းများကို မိုးလုံလေလုံအားကစားဝန်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီ အားကစား သင်တန်းတွင် အခြေခံသိုင်းလေ့ကျင့်နည်း၊ အေးရိုးဗစ်၊ ပင်ပေါင်၊ စားပွဲတင် တင်းနစ်၊ ဗိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံးနှင့် အခြားအားကစားနည်းများကို ဖွင့်လှစ်သင်ကြား သွားမည်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ယွန်းရွှေရည်မြင့်ထံမှ သိရသည်။

အောင်သူ (ပြန်/ဆက်)

၀၉၆၇၈၂၃၃၀၉၀