တောင်တွင်းကြီး မတ် ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝနကြီးများက ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံပြည်သူများ အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူများလိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ဒေသခံပြည်သူများ စိုက်ထုတ်ကုန်ကျရသော ကျန်းမာရေးကုသမှုစရိတ်များ လျော့နည်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကု ပါရဂူဆရာဝန်ကြီးများသည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများ အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)