သာပေါင်းမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့ဝင်များ နေကြာအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး

သာပေါင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မတ်လ ၂ ရက်နေ့၊ ညနေ ၅ နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာ၊ ရိုးပြတ်ကျန်လယ်မြေ (၁၀) ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ (SuperSun-41) စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတို့က သာပေါင်းမြို့နယ်၊ သဲဖြူ ကျေးရွာအုပ်စု၊ သန်လျက်စွန်း ကျေးရွာတောင်သူ ဦးမြင့်စိုး၊ ကွင်းအမှတ်(၆၇၉)၊ ဦးပိုင်(၄/၂)၊၏ ရိုးပြတ်ကျန် လယ်မြေ (၁၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ (SuperSun-41) စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှု တို့ကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မား‌ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ဆောင်ရွက်ခဲ့သော မြို့နယ်အလိုက် စံပြ(၁၀)ဧက စိုက်ပျိုးခဲ့ရာ ထယ်ရေးနက်နက် နှင့် ထွန်ရေးညက်ညက်ရရှိစေရန် မြေပြုပြင်ခြင်း၊ ရေပေးခြင်း၊ မြေခံအဖြစ် ကွန်ပေါင်း ၁၅ ပတ်လည်၊ ဘိုင်အိုစူပရင်းထည့်သွင်းစိုက်ပျိုးခဲ့မှု၊ ပိုးမွှားရောဂါမကျရောက်စေရန် အမြဲမပြတ် ကြည့်ရှုဆောင်ရွက်ခဲ့မှု၊ သားခွဲခြင်း၊ ဘောင်တင်စက်ဖြင့် ဘောင်တင်ခြင်း၊ အပင် အားဆေးဖျန်းခြင်း၊ မြေသြဇာဖျော်ရည် တစ်ပင်ချင်းစီကျွေးခြင်း၊ ပိုးသတ်ဆေးကြိုတင်ကာကွယ်ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိ (၇၄) ရက်သား အချိန်အထိ အပင်အမြင့်(၅)ပေ၊ အပွင့်အရွယ် (၈)လက်မ အထက် (၇၀%) ခန့် ရောက်ရှိနေမှု၊ ပျားပုံးများထားရှိမှု၊ အောင်မြင်မှုအခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင်မှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်ပါဆောင်ရွက်စေရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ နေကြာပွင့် အရွယ်အစားများ စနစ်တကျ မှတ်တမ်း ထားရှိဆောင်ရွက်စေရေးနှင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်