မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အောင်လံမြို့ မြို့ပတ်လမ်း-အဝေးပြေးယာဉ်ရပ်နားစခန်း ချိတ်ဆက်လမ်းနှင့် ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

အောင်လံ မတ် ၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အောင်လံမြို့ မြို့ပတ်လမ်း-အဝေးပြေးယာဉ်ရပ်နားစခန်း ချိတ်ဆက်လမ်းနှင့် ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့ပတ်လမ်း-အဝေးပြေးယာဉ်ရပ်နားစခန်း ချိတ်ဆက်မှုလမ်းပိုင်းအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့သော အဝေးပြေးယာဉ်ရပ်နားစခန်း၌ Express ဂိတ်ခန်း၊ ကားလေးဂိတ်ခန်း၊ ကုန်စည်ဂိတ်ခန်း၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများတည်ဆောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှ လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်စွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ဆောက်လုပ်ရေးတာဝန်ခံကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)