ပုသိမ် ဖေဖော်ဝါရီ ၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူ ဦးတင်အောင်သန်း၏ စိုက်ဧက (၄) ဧကတွင် စိုက်ပျိုးထားသည့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မရဲ့အုန်းပင်စုကျေးရွာ စက်မှု လယ်ယာစနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀)တွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို့ မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စီးပွားချောင်ကျေးရွာရှိ တောင်သူ ဦးတင်အောင်သန်း၏ စိုက်ဧက (၂၅၀)တွင် နယူးဧရာ (၁) စပ်မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး တာဝန်ရှိသူများမှ အထွက်တိုးမျိုးကောင်းများသုံးစွဲမှု၊ စပါးခွံမြေဆွေး သဘာဝမြေဩဇာ နှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲမှု၊ စိုက်ပျိုးရေ စနစ်တကျပေးနိုင်မှု၊ စိုက်နည်းစနစ်များ စနစ်တကျအသုံးပြုစိုက်ပျိုးမှု၊ စပါးပင်ပွားရရှိမှု၊ တစ်နှံပါအောင်စေ့ပါဝင်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တောင်သူများ၏ စိုက်ပျိုးရိတ်သိမ်းနေမှုများကို လာရောက်အားပေးခြင်းဖြစ် ပါကြောင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တွင် ထူးချွန်ဆုရရှိသည့် တောင်သူများနှင့် Real Live Show ကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နွေစပါး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးရိတ်သိမ်းရာတွင်လည်း လေလွင့်ဆုံးရှုံးမှုမရှိစေရန် ရိတ်သိမ်းခြွေလှေ့စက်မောင်း သင်တန်းများဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း သီးနှံ စုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ သီးနှံ အထွက်နှုန်းများတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ် တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အားပေးစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က “ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန်အတွက် မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဓာတုမြေဩဇာသုံးစွဲခြင်းများကို လျှော့ချ၍ သဘာဝမြေဩဇာ များ သုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တောင်သူများနှင့် တွေ့ဆုံခွင့် ရသည့်အတွက် ဝမ်းသာရပါကြောင်းနှင့် တောင်သူများအနေဖြင့်လည်း မိမိတို့၏ အခက်အခဲ များကို တင်ပြပေးကြစေလိုကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွေစပါးစံကွက် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း (၂၄၂)တင်း ထွက်ရှိမှုအား ကြည့်ရှုအားပေး ခဲ့ပြီး နွေစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်အောင် စိုက်ပျိုးနိုင်သည့် တောင်သူ ဦးတင်အောင်သန်းအား ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာရှိ တောင်သူ ဦးမြင့်ဇော်၏ ဆီထွက်သီးနှံနေကြာ super sun-41 (၅) ဧက စိုက်ပျိုးထားရှိမှုနှင့် ဝါးခယ်မမြို့နယ်၊ ကလကျေးရွာရှိ တောင်သူဦးအေးဟန်၏ ဆင်းရွှေကြာ-၂၊ (၅) ဧက နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကလကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းသာရပါကြောင်း၊ ယခုကဲ့သို့တွေ့ဆုံရာတွင် ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောအခက်အခဲများကိုလည်း တင်ပြပေးစေ လိုကြောင်း၊ သို့မှသာ မိမိတို့ဘက်မှ အခက်အခဲများကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် တောင်သူများအား အသိပညာပေးခြင်း၊ နည်းပညာများ ပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တောင်သူများကလည်း ဆီဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြစေလို ကြောင်း” အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါ ကြောင်း၊ တောင်သူများအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သီးနှံအထွက်နှုန်းများတိုးတက်ရေးနှင့် ပန်းတိုင်အထွက် နှုန်း ရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ဆက်လက်ပြောကြားခဲ့ပြီး တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။ ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းနိုင်ဝင်း၏ စိုက်ဧက (၅) ဧက၌ စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေဩဇာကြဲပက်မှုများ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေတင်ဆောင်ရွက်နေမှုနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် စိုက်ပျိုးမှု၊ ရှင်သန် ဖြစ်ထွန်းမှု၊ မြေဩဇာကြဲပက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ သဘာဝ မြေဩဇာနှင့်် ဓာတ်မြေဩဇာအချိုးကျသုံးစွဲမှု၊ အထွက်တိုးမျိုးစပါးပြောင်းလဲစိုက်ပျိုးမှု၊ ဈေးကွက်ရရှိမှု၊ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်မှုအခြေအနေများ ဆွေးနွေးခဲ့ကြပြီး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများ စနစ်တကျ သုံးစွဲစေရေးနှင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင် အထွက်နှုန်းရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ခရိုင်အဆင့်စားပွဲဝိုင်းအလိုက် မိမိခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် သီးနှံအလိုက်လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးခြင်း၊ မွေးမြူရေးတောင်သူစားပွဲဝိုင်းတစ်ဝိုင်း၊ ငါးမွေးမြူရေး တောင်သူ စားပွဲဝိုင်းတစ်ဝိုင်းတို့ဖြင့် ဆွေးနွေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး အကြေအလည်ဆွေးနွေးပေးကြရန် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ တောင်သူ ဦးစန်းဦး၏ လယ်မြေ (၂) ဧကတွင် Strip Cropping (နေကြာ super sun-41၊ အစေ့ ထုတ်ပြောင်း၊ ဘိုကိတ်ပဲ) တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် နေကြာ super sun-41 တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက (၁၀) ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ Super Sun-41 (၈)ဧက၊ ဆင်းရွှေကြာ-၁ (၂)ဧက ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မျိုးရွေးချယ်မှု များ စနစ်တကျ ဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျ ဆောင်ရွက်ရန်၊ ပိုးမွှားအန္တရာယ် ဂရုစိုက်ဆောင်ရွက်ရန်၊ ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး ဆောင်ရွက်ရန်၊ အထွက်နှုန်းများအား မှတ်တမ်းထားရှိရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)