ဟုမ္မလင်းမြို့နယ်၌ အသက်၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး ၊ဆေးတိုက်ပေး

ဟုမ္မလင်း မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာမေးခိုင် အသည်းရောင် အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို မတ်လ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)