မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မကွေး မတ် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိဓမ္မာရုံ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲနောင်တို့က ကျေးရွာအတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)