ငပုတော မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်စုမွန်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်များက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် (၂၀၂၃-၂၀၂၄)ခုနှစ် ဘဏ္ဍာရေးနှစ် (တတိယသုံးလပတ်)အတွက် သက်ကြီးအဘိုး ( ၇၉၂) ဦး ၊ အဘွား (၁၀၉၇ )ဦး ပေါင်း( ၁၈၈၉) တို့အတွက် စုစုပေါင်း ငွေကျပ်(၅၆,၆၇၀,၀၀၀/)တိတိအား လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)