ကျွန်းလှမြို့နယ်၌ နွေစပါးစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

ကျွန်းလှ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးကြသည့် အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဒီနှစ် နွေစပါးစိုက်ပျိုးတဲ့ တောင်သူတွေကို ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီက ဦးဆောင်ပြီး  ရောင်းချပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် နွေစပါး (၁၆၆) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း၊ တောင်သူများအား မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ သင်တန်းပေးခြင်းနှင့် ကွင်းသရုပ်ပြပွဲ ပြုလုပ်ခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)