ဆင်ပေါင်ဝဲ မတ် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း (၂၁၁)ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ စုစုပေါင်း(၂၁၉)ဦး တက္ကသိုလ်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၃ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ၂၇ ကျောင်းရှိပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၃ ခုမှ STEAMS-1 ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁၉)ဦး၊ STEAMS-2 ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁၅၂)ဦး၊ STAMS-1 ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၄၈) ဦး၊ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၁၉) ဦးသည် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)