ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ ဆောင်ရွက်

ချောက် မတ် ၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုတ်ပိုးသုံးစွဲ​စေ​ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ မြို့မ​စျေးအတွင်းနှင့် အပြင်တွင် လိုက်လံကွင်းဆင်းစစ်​ဆေး​​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျော်မိုး(ပြန်/ဆက်)