ယင်းမာပင် မတ် ၃
ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးမျိုးမင်းသန့်က အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးအောင်ဝင်းက " ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပုံဆွဲခြင်းအတတ်ပညာကို စနစ်တကျ ရေးဆွဲတတ်စေရန်နှင့် အသိပညာအတတ်ပညာ များ တိုးပွားစေရန်" စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပန်းချီသင်တန်းကို မတ်လ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ အပတ်စဥ် စနေ/တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး တက်ရောက်သင်ယူကြကြောင်း သိရသည်။
မစိုးစိုး(ပြန်/ဆက်)