အင်္ဂပူမြို့တွင် ဗုဒ္ဓဘာသာသုတအဖြာဖြာ သင်တန်းဖွင့်လှစ်

အင်္ဂပူ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့ နံနက်ပိုင်းက ပရိယတ္တိပျိုးခင်းဆရာတော်များ ဦးစီး၍ အင်္ဂပူမြို့နယ်အသင်း (ရန်ကုန်/ဌာနေ)နှင့် မြို့မိ၊ မြို့ဖများ ပူး‌ပေါင်းဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသုတအဖြာဖြာ သင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပရိယတ္တိပျိုးခင်းအဖွဲ့ နာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသ (သာသနာ့ဓမ္မာစရိယ) ထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ အောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ တက်‌ရောက်လာသူများက ငါးပါးသီလယူခဲ့သည်။ ထို့နောက် ပရိယတ္တိပျိုးခင်းအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ (သာသနဓဇဓမ္မာစရိယ)က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းမိန့်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးမှ သာသနာရေးဆိုင်ရာများအား လျှောက်ထားခဲ့သည်။ ထို့နောက် မြို့အကျိုး‌ တော်ဆောင် ဦးမောင်မောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပရိယတ္တိပျိုးခင်းအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အင်္ဂပူမြို့ရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး သင်တန်းကို မတ်လ(၃)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)