ပခုက္ကူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပခုက္ကူ မတ် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ရှင်းလင်းတိကျစွာ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးကြီးနှင့် လူစည်ကားရာနေရာများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင် များ၊  မြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ ဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများရှင်းလင်းတိကျစွာ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှုများ၊ စစ်မှုထမ်းဆောင်ရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပခုက္ကူမြို့၊ မြို့မဈေးကြီးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် လူစည် ကားရာလမ်းဆုံ၊ လမ်းခွနေရာများတွင် လိုက်လံဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)