တောင်ကုတ် မတ် ၃
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန် ဖောင်တော်ဦးစေတီတော် ၊ ဓမ္မဝိဇယ သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ (ကိုင်းရှည်ဆရာတော်) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတည်ဆောက်သည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီးနောက် န၀က္မ္မအလှူငွေများ ကပ်လှူပူဇော်ကာ ကိုင်းရှည်ဆရာတော် ဘုရားကြီးထံမှ အနုမောဒနာတရားတော် နာယူကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကာ အနန္တဂုဏ်ရည် ဆရာတော်မှ ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်သည့် ဂါထာ တော်အား ရွတ်ဖတ်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ ကြသည်။
အဆိုပါ အခမ်းအနားသို့ တေင်ကုတ်မြို့နယ်ရှိ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများနှင့် ပင့် သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)