ပခုက္ကူ မတ် ၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ အထူးပြု ဘာသာရပ်များအလိုက် နေ့သင်တန်းနှင့်အဝေးသင်သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ်ပေါင်း ခြောက်သောင်းခုနစ်ထောင်ကျော်တို့အား ပညာသင်ကြားမွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်အနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင်ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရန် ဘွဲ့ရလူငယ်မောင်မယ်များကို နှစ်စဉ်ပညာသင်ကြားမွေးထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိပညာသင်နှစ်အထိ အထူးပြုဘာသာရပ်များအလိုက် နေ့သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ (၁၆၅၄၂)ဦး၊ ဝိဇ္ဇာနှင့်သိပ္ပံ ဂုဏ်ထူးဘွဲ့ရ(၂၂၂၆)ဦး၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ရ(၂၁၂၈)ဦး၊ မဟာသုတေသနဘွဲ့ရ(၁၂၈)ဦး၊ အဝေးသင် သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ရ(၄၀၆၇၅)ဦး၊ ဥပဒေပညာဘွဲ့ရ (၁၁၆၅)ဦး၊ စီးပွားရေးပညာပေါင်းစပ်ဘွဲ့ရ (၄၃၆၄)ဦး၊ စုစုပေါင်းဘွဲ့ရမောင်မယ်(၆၇၂၂၈)ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် အဝေးသင်သင်တန်း (ဒုတိယအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့ရာ နေ့သင်တန်းဘွဲ့ရမောင်မယ် (၁၆၅)ဦးနှင့် အဝေးသင် သင်တန်းဘွဲ့ရမောင်မယ် (၁၁၂)ဦးတို့အားဘွဲ့များ အသီးသီးအပ်နှင်းခဲ့ပြီဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ထံကသိရသည်။
ဘာမီသာ(ပခုက္ကူ)