ပခုက္ကူ မတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုတို့ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများထံ စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မတ်လ(၁)ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ပြီး ကွင်းဆင်းရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ပခုက္ကူမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက မော်တော်ယာဉ်ခြောက်စီးဖြင့် ကျွဲတဲ၊ ပခုက္ကူကျွန်း၊ ကွန်းရွာ၊ ကုက္ကိုလှ၊ ကန်လှ စသည့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းလှည့်လည်ကာ စားသုံးဆီတစ်ပိဿာလျှင် ၅၇၅၀ ကျပ်နှုန်းဖြင့် စားသုံးဆီ ပိဿာချိန်ပေါင်း (၅၅၀၂)ပိဿာအား ကျေးရွာနေပြည်သူ အိမ်ထောင်စုပေါင်း (၂၇၅၁)စုထံ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပြန်/ဆက်)