ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)တွင် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပြည် မတ် ၃

ဒေသကွဲကပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဧည့်ခန်းမနှင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးတို့၌ မတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တွင်းရှိ မြို့ပေါ်ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့သည်။                

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဟာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား နေ့ညမနား စွမ်းစွမ်းတမံဆောင်ရွက်နေမှုအပေါ် ပြန်လည် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့ပေါ် ဈေးသူ/ဈေးသားများက အသင့်စားစားသောက်ဖွယ်ရာများ လှူဒါန်းထောက်ပံ့ပေးရခြင်းကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ရာ တပ်မတော်သားများကိုယ်စား ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်မှ လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များကိုယ်စား ရဲမှူးကြီး ဝင်းချွန်ကလည်းကောင်း လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား အသီးသီးပြန်လည်ပြောကြားခဲ့သည်။         

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ သာယာဝတီခရိုင်၊ ပြည်ခရိုင်နှင့် နတ်တလင်း ခရိုင်အတွင်းရှိ ပြည်သူလူထုနှင့် မြို့ပေါ်ရှိ ဈေးသူ/ဈေးသားမှ ငွေကျပ် သိန်း (၆၂၀)ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရ သည်။         

တိုင်းဒေသကီုးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများ၊ မြို့နယ် (၂၈)မြို့နယ်ရှိ မြို့ပေါ် စျေးသူ/စျေးသားများ စုပေါင်းမှုဖြင့် ရခိုင်ပြည်နယ်ရှိ တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းငွေကျပ် သိန်း (၂၃၀၀) ကျော်ရှိ စားသောက်ဖွယ်ရာများ ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်