ကြံခင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေး

ကြံခင်း မတ် ၃      

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကြံခင်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်တွင်  ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇-၁၉၄၇) ရက်နေ့က မြို့တော်ခန်းမကြီး၌ ကျင်းပသည့် ပြည်သူ့ အစည်းအဝေးကြီးတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက် အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်း မေးမြန်းနိုင်၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စသည်တို့ကို အရောင်အသွေး စုံလင်စွာဖြင့် ဖော်ပြပါရှိသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၏ လက်ဝယ်သို့လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း များ၏ လက်ဝယ်မှတစ်ဆင့် ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဖြန့်ဝေအသိပညာပေးနိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)