ကျွန်းလှ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်တစ်နှစ်အောက်ခွဲအောက် ကလေးငယ်များအား ယနေ့ နံနက် ၈ နာရီခွဲက ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို လစဉ် လဆန်း (၁) ရက်နေ့မှစတင်ပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ အသက်အပိုင်းအခြားအလိုက် သတ်မှတ်ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)