ပြည် မတ် ၂
ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း)မှ ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းချွန်၊ အမှတ်(၁၀)ရဲတပ်ရင်း၊ ဌာနချုပ်တပ်ခွဲမှူး၊ ရဲမှူးသန်းအောင်နှင့် အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပြည်)၊ ရဲအုပ်လင်းလင်းအေးတို့အား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နတ်တလင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မောင်အောင်အား ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းချွန်က ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)