အမှတ်(၉)တိုင်းနယ်မြေအတွင်း  ကြံခင်း-ဟင်္သာတ-ပုသိမ် လမ်းပိုင်း၌ အမြန်ရထားအချိန်ပြောင်းလဲသတ်မှတ်ပြေးဆွဲ

ကြံခင်း မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌  (၁၈၁)အဆန်နှင့် (၁၈၂)အစုန် အမြန်ရထားအချိန်ပြောင်းလဲသတ်မှတ်ပြေးဆွဲခြင်းကို ယမန်နေ့ နံနက်(၅)နာရီအချိန်တွင် စတင်ပြေးဆွဲကြောင်းသိရသည်။

အဆိုပါ အမြန်ရထားပြေးဆွဲမှုတွင် အမှတ်(၉)တိုင်းနယ်မြေအတွင်း၊ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန်၊ ဈေးဝယ်ခြင်းနှင့် ဆေးခန်းပြသရာတွင်အခက်အခဲမရှိ အဆင်ပြေစေရေးအတွက်  (၁၈၁)အဆန်နှင့် (၁၈၂)အစုန်အမြန်ရထားပြေးဆွဲခြင်းအား ယခင်က နံနက်(၆)နာရီပြေးဆွဲခဲ့ရာမှ  မတ်လ(၁)ရက်နေ့မှစ၍ နံနက်(၅)နာရီစတင်ပြေးဆွဲရာ ရိုးရိုးလူစီးတွဲကြီး(၃)တွဲ၊  အထက်တန်းတွဲ(၁)တွဲ၊  ကုန်တွဲ(၁)တွဲနှင့် ဘရိတ်တစ်တွဲချိတ်ဆွဲ ပြေးဆွဲကြောင်းသိရသည်။

အဆိုပါ အမြန်ရထားအချိန်ပြောင်းလဲပြေးဆွဲရာတွင် (၁၈၂)အစုန်အမြန်ရထားသည် ကြံခင်းမြို့မှ နံနက်(၀၅:၀၀)နာရီစတင်ထွက်ရှိပြီး  ဟင်္သာတမြို့သို့ နံနက်(၀၉:၀၀)အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး ပုသိမ်မြို့သို့ ညနေ(၁၅:၃၀)အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် (၁၈၁)အဆန်အမြန်ရထားသည် ပုသိမ်မြို့မှနံနက်(၀၆:၀၀)နာရီအချိန်ထွက်ရှိပြီး ကြံခင်းမြို့သို့ ညနေ(၁၆:၃၀)အချိန်တွင်ရောက်ရှိမည်ဖြစ်ကြောင်း ကြံခင်းမြို့နယ်ရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)