ဇလွန် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော မေရီလန်းကျေးရွာအုပ်စု မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ ကွင်းအမှတ်(၁၈၄၁)၊ ဦးပိုင်အမှတ်(၄၈/၃) လယ်မြေ (၂ )ဧကတွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံ (နေကြာ) Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆောင်းသီးနှံ (နေကြာ) Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းပွဲသို့ ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေ (၂) ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြကွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် နေကြာ (၄၇.၈)တင်း နှုန်းထွက်ရှိကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)