သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ် မတ် ၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က မကြာမီကာလတွင် တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုမည်ဖြစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနရှိသည့် အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းတို့တွင် နေစဥ်သန့်ရှင်းရေး၊ လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးများဆောင်ရွက်ရန်၊ မွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ရိုးရာ အဆို၊ အကများဖြင့် ပါဝင်ယှဥ်ပြိုင်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ချပြရှင်းလင်းခြင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှလည်း တစ်လလျှင်နှစ်ကြိမ်ခန့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိအောင် ရှင်းလင်းဆွေးနွေးစေလိုကြောင်းနှင့် မြို့နယ်အတွင်း ဆောင်ရွက်ရမည့် စာတတ်မြောက်ရေး လုပ်ငန်းအစီအစဥ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ မီးဘေးလုံခြုံရေးအစီအမံများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အစည်းအဝေးအပြီးတွင် တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)